Serving, Protecting and Defending People's Rights
KMSS NATIONAL OFFICE အနေနဲ့ Microsoft365 License ကို အောက်ပါ အချက်တွေမှာ အသုံးပြုကြပါတယ်။
- Emailing: Outlook Mail
- Chat & Virtual Meetings: Microsoft Teams
- Individual Cloud Storage: OneDrive
- Group Cloud Storage: SharePoint
မိတ်ဆွေ အနေနဲ့ စတင်အသုံးပြုရန် Microsoft Account (Username & Temporary Password) ကို IT မှ၊ မိတ်ဆွေရဲ့ Personal Gmail @gmail.com (သို့မဟုတ်) In Person ပေးမှာဖြစ်ပါတယ်။
Microsoft Account ကို စတင်အသုံးပြုရန်အတွက် အကြမ်းဖျင်း အဆင့်များ
(1) Email နဲ့ Temporary Password ဖြင့် LogIn ဝင်ခြင်း
(2) Password အသစ် ပြောင်းလဲသတ်မှတ်ခြင်း
(3) MFA သို့ 2FA ကို Setup လုပ်ခြင်း
(4) ဖုန်းနံပါတ်ဖြင့် ချိတ်ဆက်ခြင်း တို့ပဲဖြစ်ပါတယ်။
အောက်တွင် တစ်ဆင့်ခြင်း ဆက်ကြည့်ပေးပါ။
(1) Email နဲ့ Temporary Password ဖြင့် LogIn ဝင်ခြင်း
မိမိ ကွန်ပျူတာ (သို့) ဖုန်း တွင် Browser ဖွင့်ပါ။ https://outlook.office.com/mail/ ကိုသွားပြီး IT မှ ပေးပို့ထားသော Email နှင့် Temporary Password ကိုသုံးပြီး Login ဝင်ပါ။
(သို့မဟုတ်)
ကွန်ပျူတာ Browser ရဲ့ Search Bar တွင် Outlook Mail Log In လို့ရိုက်ထဲ့ပြီး Sign In သို့မဟုတ် Log In ပါတဲ့ Link တစ်ခုခု ကို နိပ်ပြီး IT မှ ပေးပို့ထားသော Email နှင့် Temporary Password ကိုသုံးပြီး Login ဝင်ပါ။
(2) Password အသစ် ပြောင်းလဲသတ်မှတ်ခြင်း
Log In ဝင်ပြီးသွားရင် Password အသစ်လုပ်ရန် တောင်းဆိုပါလိမ့်မည်။ Temporary Password ကို တစ်ကြိမ်၊ Password အသစ်ကို နှစ်ကြိမ် ရိုက်ထဲ့ပါ။ Password အသစ်ကို အောက်တွင် နမူနာ ပေးထားသည့်အတိုင်း အသစ် သတ်မှတ်ပါ။
Microsoft 365 Password Policy (or) Formula
1. Upper Case Letter = A B C D...Z
2. Lower Case Letter = a b c d...z
3. Special Character = ! @ # $ % &
4. Numbers = 1 2 3 4 ... 0
(Example)
Charles@1991
Charles$1991
Kmss@246ABC
(3) MFA သို့ 2FA ကို Setup လုပ်ခြင်း နှင့် (4) ဖုန်းနံပါတ်ဖြင့် ချိတ်ဆက်ခြင်း
ဒီအဆင့် (3) နှင့် (4) ကိုတော့ ပုံနှင့်တစ်ကွ ပြပေးမှာ ဖြစ်တဲ့အတွက် အောက်က လင့် Click Here ကို နိပ်ပြီး တစ်ဆင့်ခြင်းလုပ်ပေးပါ။ လုပ်ပြီးသွားမှ ဒီစာမျက်နှာကို ပြန်လာပြီး ကျန်တာ ဆက်လုပ်လို့ရပါတယ်။
(မှတ်ချက်)
ကျနော်က ပိုမိုလွယ်ကူအောင် Instruction လုပ်ထားတာဖြစ်သော်လဲ Microsoft Interface သည် အပြောင်းအလဲ မြန်သဖြင့် ကျနော်လုပ်ပြခဲ့တုန်းကအတိုင်း ယခုအချိန်တွင် အတိကျတူချင်မှ တူပါလိမ့်မည်။