Serving, Protecting and Defending People's Rights
Teams Meeting App မိတ်ဆက်
Microsoft Teams ကတော့ အထူးတလည် ပြောစရာမလိုဘူးထင်ပါတယ်။ Communication ချာနယ် တစ်ခုပါပဲ။ သူ့မှာတော့ Department အလိုက် Group Chat တွေပါမယ်။ In Person လဲ ဝင်ပြောလို့မယ်။ Teams Meeting တွေ Create လုပ်လို့ရမယ်။
Microsoft Teams (၂) မျိုးရှိပါတယ်။
1. Teams for Home or Small Business (Personal)
2. Teams for Work or School ဆိုပြီး (၂) မျိုးရှိပါတယ်။ အောက်ကပုံ Figure (1) မှာ ကြည့်နိုင်ပါတယ်။
ခုနောက်ပိုင်း Laptop တော်တော်များများက (၂) မျိုးလုံး ဝယ်ကတည်းက ဆိုင်က သွင်းထားပါတယ်။ တချို့ကတော့ (၁) မျိုးထဲသွင်းထားတတ်ပါတယ်။ ဘယ်တစ်မျိုးပဲ ရှိရှိ မိမိအနေနဲ့ Microsoft Teams Meeting ကို Join မယ်ဆိုရင်တော့ မိမိ စက်မှာ Teams App မရှိလည်း Meeting Join လို့ရပါတယ်။ အဲ့တာကတော့ Browser ထဲကနေ တိုက်ရိုက် Join လုပ်ရမှာဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင် How to Join Teams Meeting ကိုနိပ်ပါ။
Microsoft Teams App ကို Download and Install လုပ်လိုပါက
(1) Computer အတွက်ဆိုရင် အောက်ကလင့်ကနေ
Download for Desktop > Teams for Work or School > Download Teams ကိုနိပ်ပါ။
https://www.microsoft.com/en-us/microsoft-teams/download-app#for-desktop
(2) Mobile Phone အတွက်ဆိုရင် အောက်ကပုံ Figure (2) QR Code ကို Scan ဖတ်ပြီး ပေါ်လာတဲ့လင့်ကိုနိပ်ပြီး Download လုပ်နိုင်ပါတယ်။
Figure (1)
Teams icons
Figure (2)
Download Teams for Mobile