Serving, Protecting and Defending People's Rights
Organization Domain
Domain ဆိုတာကတော့ Email တွေမှာ @ ရဲ့နောက်မှာ ပါလာမယ့် Organization Name ကို ဆိုလိုတာပါ။ ဥပမာ name@kmss.org ကိုကြည့်ရင်၊ အရှေ့က name က လူ/ပုဂ္ဂိုလ်၊ ရာထူး တစ်ခုခုကိုယ်စားပြု ဖြစ်ပြီးတော့၊ အနောက်က @kmss.org က Domain ဖြစ်ပါတယ်။ မိမိတို့ ရုံးအနေနဲ့ Domain Name သီးသန့် ရှိထားခြင်းအားဖြင့် မိမိရဲ့ Email ကို ကြည့်လိုက်တာနဲ့ ဘယ်အဖွဲ့အစည်း ဘယ်သာသနာ ဆိုတာ မိတ်ဆက်ပြီးသားဖြစ်သွားပါတယ်။
ဆိုကြပါစို့ KMSS MAWLAMYAING အတွက်ဆိုရင်
Director - director@kmssmlm.org
HR - hr@kmssmlm.org
Logistic - log@kmssmlm.org
Admin - admin@kmssmlm.org
MEAL - meal@kmssmlm.org
အပေါ်မှာ ပြပေးတဲ့ Email နာမည်တွေကို အတိုကောက်သုံးထားရခြင်းကတော့၊ မိမိတို့ Email လိပ်စာကို မည်သူမဆို အလွယ်မှတ်လို့ရအောင် (မှတ်မိလွယ်အောင်) သုံးထားခြင်းဖြစ်ပါတယ်။
(@ အရှေ့ကနေရာမှာတော့ အခြား နာမည်/ရာထူး အစားထိုးနိုင်သလို၊ @အနောက်က kmssmlm မှာလဲ မိမိတို့ Diocese Name သို့မဟုတ် နှစ်သက်ရာကို အစားထိုးနိုင်ပါတယ်)
Domain Name အတွက် ခန့်မှန်း ကျသင့်ငွေကတော့ တစ်နှစ်စာ 150,000 ကျပ် ဝန်းကျင်ရှိပါမယ်။
Microsoft Package မှာ အသုံးပြုလို့ရတဲ့ Apps and Services တွေ အများကြီး ပါဝင်ပါတယ်။ အောက်မှာ Compare လုပ်ထားပေးတာကတော့ အသုံးအများဆုံး Apps and Services တွေကိုသာ ပြသထားပေးတာဖြစ်ပါတယ်။